Thursday, November 29, 2007

Use to ScribeFire


Blog Tool: Scribe Fire
ဘလော့ဂ်နဲ့ ပတ်သတ်ပြီး စိတ်ပါဝင်စားသူ စူးစမ်းချင်သူတွေ များလာတာနဲ့အမျှ အခက်အခဲတွေနဲ့လည်း ရင်ဆိုင်ကြရပါတယ်။ တချို့လည်း စိတ်ကူးတွေက ကောင်းပါရဲ့ ဒါပေမယ့် ကုဒ်တွေ မတတ်တော့ စိတ်ညစ်ရတယ်။ ဒါပေမယ့် ဒီလို မသိတာကို စမ်းလုပ်ရင်း လုပ်ရင်းကပဲ နောက်ဆုံး တတ်ကျွမ်း သွားကြပါလိမ့်မယ်။ အခု ကျွန်တော် ပြောပြချင်တဲ့ တူးလ်လေး တစ်ခုက ဘလော့ဂ်ပေါ်မှာ ပိုစ့်တွေကို သွားမရေးဘဲ ကိုယ့်ရဲ့ ဘရောက်ဇာကနေ တိုက်ရိုက်ပို့တဲ့ တူးလ်လေးပါ။ အရင်တုန်းက ဒါကို Performancing Tool ဆိုပြီး သိကြပါတယ်။ အခုတော့ ScribeFire လို့ နာမည်ပြောင်းလဲ ထုတ်လုပ်လိုက်ပါတယ်။ ဒီတူးလ်လေးဟာ Text Editor တစ်ခုလို ပြည့်ပြည့်၀၀ စွမ်းဆောင်မှုတွေ ပေးနိုင်ပါတယ်။ ပိုစ့်တွေထဲမှာ Tags ထည့်တာတွေ၊ စာကြောင်းစီတာတွေ၊ Paragraph Layout စတာတွေကို အလွယ်တကူ ပြုပြင်နိုင်ပါတယ်။

ဒါလေးကို အသုံးပြုမယ်ဆိုရင် မီးလျှံမြေခွေး ဘရောက်ဇာကို အသုံးပြု ရပါမယ်။ ပြီးတဲ့အခါ www.scribefire.com ကနေ နောက်ဆုံးထုတ်တဲ့ Addon လေးကို Install လုပ်လိုက်ရုံပါပဲ။ အဲဒီအဆင့် ပြီးတဲ့အခါ မိမိရဲ့ မီးလျှံမြေခွေး ဘရောက်ဇာကို ဖွင့်လိုက်မယ်ဆိုရင် ညာဘက် အောက်နားမှာ စာရွက်ပုံလေးတစ်ခု ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒါလေးကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ ဘလော့ဂ် အကောင့်ကို မေးပါလိမ့်မယ်။ အဲဒီအခါ ဘလော့ဂ်မှာ အသုံးပြုထားတဲ့ ကိုယ့်နာမည်နဲ့ စကားဝှက်ကို အသုံးပြုပြီး ဖွင့်ပေးရပါမယ်။ ပုဂံနတ်ကြီး ဆာဗာအောက်က လူတွေကတော့ ဖိုင်းယားဖောက်စ်က ဒါကို ပိတ်ထားတာမို့ ဥာဏ်နီ ဥာဏ်နက်လေးတွေ သုံးရပါလိမ့်မယ်။ (အဲဒီအဆင့်ကို ကျော်လိုက်ပြီ)။ အဲဒါတွေ အားလုံးပြီးရင် ကိုယ့်ဘလော့ဂ်နာမည်လေး ပေါ်လာပါလိမ့်မယ်။ စာကို အဲဒီအပေါ်မှာ တခါတည်း ရိုက်ပြီး ပိုစ့်တွေ တင်နိုင်ပါပြီ။ တက်ခ် တွေလည်း ထည့်နိုင်ပါတယ်။ Save လုပ်ထားမယ်ဆိုလည်း ရပါတယ်။ ပျော်ရွှင်ပါစေ။
Powered by ScribeFire.

2 comments:

လင်းဦး(စိတ်ပညာ) said...

မင်္ဂလာပါ ..ပြောထားတဲ့လိပ်စာအတိုင်းလာရောက်ပါတယ်...

လင်းဦး(စိတ်ပညာ) said...

သူငယ်ချင်း .. ဘာဖြစ်လို့ cboxမထည့်တာလဲ..
ဝတ္ထုတိုတွေရေးပြီးသွားပြီ .. လာဖတ်ပါဦး